ထိုင်းနိုင်ငံ မြို့ တော် ဘန်ကောက်ရှိ ဆာမတ်ပါရာခန်းမိကျောင်း မွေးမြူရေး စခန်း တစ်ခုတွင် မိကျောင်း ကောင်ရေပေါင်း ၁၀၀၀ကျော်ထက် မနည်း ရှိနေသည့် ကန်အတွင်းသို့  စိတ်ကျ ဝေဒနာ
ခံစားနေရသော အမျိုးသမီး တစ်ဦး ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ် တွင် ဖော်ပြသည်။
ဝန်ပန် အင်ရန်းဆိုသူ အသက် ၆၅နှစ်ရှိ စိတ်ကျ ဝေဒနာသည် အမျိုးသမီးကြီးသည် သောကြာနေ့ အစော ပိုင်းက ဘန်ကောက်မြို့ ရှိ ၎င်း၏ နေအိမ်မှ ထွက်ခွာလာ ခဲ့ပြီး ယခုကဲ့သို့  မိကျောင်းကန် အတွင်းသို့ ခုန် ဆင်းကာ ကိုယ်ကိုကို သေကြောင်းကြံ သွားခဲ့ခြင်း ဖြစ်သည်။
ကန်အတွင်းသို့  ၎င်းဘာသာ ခုန်ချသွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောပြီး ၎င်းက ကန်အနီးသို့ လျှောက်လာကာ ဝတ်ထားသည့် ဖိနပ်များ ချွတ်ကာ မိကျောင်းကန်တွင်း ခုန်ချသွားသည်ကို လုံခြုံရေး ကင်မရာများတွင်လည်း မြင်တွေ့ ရသည်။ အခင်းဖြစ်ပွား ရာသို့ ရောက်သွားသည့် အခါ ခြံပိုင်ရှင်နှင့် ဝန်ထမ်းများက အမျိုးသမီးကြီး၏ ခန္ဓာကိုယ်အား ကိုက်ဖဲ့လျက် ရှိကြသည့် မိကျောင်း ဒါဇင်များစွာကို တုတ်ရှည် များဖြင့် ခြောက်လှန့် မောင်းထုတ်လျက် ရှိသည်ကို တွေ့ ရသည်ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။
ဝန်ပန်၏ ညီမဖြစ်သူက သူ၏အစ်မမှာ စိတ်ကျဝေဒနာ ခံစားနေရသူ တစ်ဦးဖြစ်ပြီး ၎င်း အိမ်မှ ပျောက်မ သွားမီ ရက်များစွာ ကပင် မည်သူ တစ်ဦးတစ်ယောက် ကိုမျှ စကားပြောဆိုခြင်း မရှိကြောင်း ဘန်ကောက်ပို့ စ်သို့ ပြောခဲ့သည်။ ၎င်း အိမ်မှ ထွက်သွားသည့် နေ့ က မိသားစုဝင် များသည် ရဲစခန်းကို လူပျောက် တိုင်ကြားခဲ့ သော်လည်း ဥပဒေအရ ၂၄ နာရီ ပြည့်မှသာ တိုင်ကြား နိုင်သဖြင့် အမှုမဖွင့် နိုင်ခဲ့ပေ။
အွန်လိုင်းတွင်လည်း ကန်ထဲ ခုန်ချသွားသည့် ဝန်ပန်၏ အနီး မိကျောင်း တစ်ကောင် တွားသွား ချဉ်းကပ်လာ နေသည့် ဓာတ်ပုံ တစ်ပုံလည်း ပျံ့ နှံ့သွား ခဲ့သည်။ ဆာမတ်ပရာခန်း မိကျောင်းခြံသည် ကမ္ဘာအကြီးဆုံး မိကျောင်းခြံ ဖြစ်ပြီး ၁၉၅၀ပြည့်နှစ်က စတင်ဖွင့်လှစ် ခဲ့သည်ဟု ယင်းမွေးမြူရေးခြံ၏ ဝက်ဘ်ဆိုက် စာမျက်နှာ တွင် ဖော်ပြ ထားသည်။ ဧက ၃၀၀ ကျယ်ဝန်းသည့် ခြံအတွင်း မိကျောင်းကောင်ရေ တစ်သိန်း မွေးမြူထားပြီး အခြား တောရိုင်း တိရစ္ဆာန် များလည်း ရှိသည်။
Credit To : Mizzima News Daily>> မှ ပြန်လည် မျဝေခြင်း ဖြစ်ပါသည်။
1:03 PM |
Posted in
International News
|
Read More »
၂၀၁၂ နိုဝင်ဘာလ (၆) ရက်နေ့တွင် ကျင်းပမည့်အမေရိကန်သမတ ရွေးကောက်ပွဲမတိုင်မီ လတ်တလော စစ်တမ်းများအရ ပြည်နယ်အလိုက်ထွက်ပေါ်လာနိုင်သည့် ခန့်မှန်းမဲအရေအတွက် ကို အောက်ပါမြေပုံ တွင် ဖော်ပြထားပါသည်။
2:32 AM |
Posted in
International News
|
Read More »
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း
၁၉ ကျောင်းကို ပုံစံတူ ပြန်တည်ဆောက်
ပေးမယ်လို့  ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်
ရှိတ် ဟာဆီနာက ပြောပါတယ်။
မြန်မာတွေက ပန်းဝါမြို့ လို့ သိကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ရာမူးမြို့က ဘုန်းတော်ကြီး
ကျောင်းတွေ ဖြစ်ပြီး၊ ဒီကျောင်းတွေ ပြန်တည်ဆောက်ဖို့ အမေရိ ကန်ဒေါ်လာ
တသန်းခွဲလောက် သုံးစွဲသွားမယ်လို့  ဆိုပါတယ်။
ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ဒက္ကားမြို့ မှာ တွေ့ ဆုံပြီးနောက်မှာ အခုလို ပြောကြားခဲ့ တာလည်း ဖြစ်ပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေကို အရင်ပုံစံအတိုင်း၊ ဒါမှမဟုတ် အရင်ထက် ပိုခမ်းနားအောင်
ဗိသုကာ ပညာရှင်တွေပါ ခေါ်ယူငှားရမ်းပြီး တည်ဆောက်ပေးမှာလို့  သိရပါတယ်။
အစိုးရ ဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် ဒီတည်ဆောက်ရေးလုပ်ငန်းကိုတော့ ဘင်္ဂလားဒေ့ရှ်
စစ်တပ်က တာဝန် ယူ ဆောက်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
BBC (မြန်မာပိုင်း)
4:47 PM |
Posted in
International News
|
Read More »
သမ္မတဦးသိန်းစိန်နှင့်အဖွဲ့  အမေရိကပြည်ထောင်စုသို့  ရောက်လာချိန် ရခိုင်အရေးဆွေးနွေးရန်တိုက် တွန်းခြင်း
ဒေါ်အောင်ဆန်းစုကြည်အမေရိက ပြည်ထောင်စုကို ရောက်လာတော့ ၀ါရှင်တန်ဒီစီဆုလက်ခံယူပွဲမှာ ဟောပြောသွားပါတယ် ။ ဒီကနေ့ မျက်မှောက်ကာလမြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲမှုတွေဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဆောင်ရွက်မှုတွေကြောင့်လို့  ပြောဆိုသွားတာဖြစ်ပါတယ် ။
ဒီလိုတင်စားပြီးပြောလိုက်တဲ့ အခါ ဆရာတော် ဦးဥတ္တမကို ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံရဲ့  လွပ် လွပ်ရေးမျိုးစေ့ချပေးသူအဖြစ် ဂုဏ်ပြုတင်စား မော်ကွန်းကဗ္မည်း ထိုးပေးတာကို သတိရဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဟောပြောချက်ဟာ သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ စနစ်ဆီသို့  ပြုပြင် ကူးပြောင်း စေတဲ့ ဒီမိုကရေစီမျိုးစေ့ချပေးသူအဖြစ် နိုင်ငံရေးပေါ်လီစီတွေကိုစွမ်းဆောင်ချ မှတ်သူမို့  ဂုဏ်ပြုတင်စားလိုက်ခြင်းဖြစ်ပါတယ် ။
ပြီးတော့ဝန်ကြီးဦးအောင်မင်းကလဲဘဲ ဆုယူပွဲကို တက်ရောက်ခဲ့ သူမို့  အထူးကျေးဇူးတင်ရှိပါကြောင်း အသိအမှတ်ပြု တလေးတစားနဲ့  ပြောဆိုသွားတာ တွေ့ ရပါတယ် ။
တချိန်တည်းမှာဘဲ ၀န်ကြီးဦးအောင်မင်းက ၀ါရှင်တန်ဒီစီမှာရှိနေတဲ့  မြန်မာ့ကွန်မြူ နီတီတွေနဲ့  တရင်းတနှီး တွေ့ ဆုံခြင်းများပြုလုပ်ခဲ့ တော့ ဒီလို တွေ့ ဆုံခြင်းများဟာ နိုင်ငံတော်အတွက်ရေစီးကြောင်းတခုကို အတူတူ ဖြတ်သန်းကြခြင်းဖြစ် သွားစေပါတယ် ။
တချိန်က မျှဉ်းပြိုင်များအဖြစ် သွားနေခဲ့ ကြရာက ဒေါ်အောင်ဆန်းစုကြည်ပြောသလို တဖက်စောင်း နင်းဖြစ်စေခြင်းများကို ပြုလုပ်စရာ အခြေအနေတွေကဆုတ်ယုတ်လာနေပြီမို့  ဒီအချိန်မှာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရမဲ့အချိန်ဖြစ်တယ်လို့  ထင်မှတ်ပါတယ် ။
အထူးသဖြင့် သမ္မတကြီး ဦးသိန်းစိန်နဲအတူတကွ လိုက်ပါလာတဲ့  ၀န်ကြီးများကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ် သက်လို့ အထူးတာဝန်ရှိသောသူများအဖြစ် သိမြင်ထားကြတဲ့  အတွက် နယူးယောက်မြို့ ကိုရောက်ရှိချိန်မှာ နယူးယောက်မြို့ နေ ရခိုင်ကွန်မြူနီတီတွေအနေနဲ့  တွေဆုံလိုစိတ် ရှိနေကြပါတယ် ။
နေပြည်တော်မှာလဲဘဲ ရခိုင်ပြည်နယ်အရေးကို အစည်းအဝေး ပြုလုပ်ပြီးဆွေးနွေးနေကြ သလို ရသေ့တောင်မြို့ မှာလဲဘဲ လူထုအစည်းအဝေးကိုဆွေးနွေးကြတော့မှာမို့  နယူးယောက်မြို့ ကို ရောက်နေ ချိန်မှာရခိုင်အရေးကို ဆွေးနွေးပေးခဲ့ မယ်ဆိုရင် ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ထင်မြင်ယူဆကြပါတယ် ။
ဒါကြောင့်မို့ လို့  သမ္မတကြီး ဦးသိန်းစိန်နဲ့ ဝန်ကြီးများက နယူးယောက်မြို့ ကို ရောက် လာချိန်မှာ တွေ့ ဆုံဖို့  အချိန်ဇယားများနဲ့  ပြုလုပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
4:37 PM |
Posted in
feature,
International News
|
Read More »
ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့ ယနေ့ ၀ါရှင်တန် စံတော်ချိန် နံနက် ၉ နာရီခန့်က အိမ်ဖြူတော်တွင်တွေ့ဆုံကြစဉ်(AFP Photo)
11:23 AM |
Posted in
International News
|
Read More »
ဘင်္ဂလား မြန်မာ နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ လူ့အခွင့်အရေး ချိုးဖောက် ခံနေရ တာတွေ ကို ဗြိတိသျှ ပါလီမန်မှာ အင်္ဂါ နေ့က ဆွေးနွေး ခဲ့ပါတယ်။
မြန်မာ ရော ဘင်္ဂလား ဒေ့ရှ် အစိုးရ ဘက်ကိုပါ ဒုက္ခသည် တွေကို ကာကွယ် စောင့်ရှောက်ဖို့ ၊ ဒုက္ခသည် တွေ ပြန်မလွှတ် ဘဲ စောင့်ရှောက် ဖို့ တောင်းဆိုမယ်လို့ ဒီ ဆွေးနွေးပွဲက ဆုံးဖြတ် ပါတယ်။
ဒုက္ခသည် စခန်းတွေမှာ အခက်အခဲ တွေ ကြုံနေ
ဒုက္ခသည် စခန်းတွေမှာ တွေ့ကြုံနေတဲ့ အခက်အခဲ တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေ ရဆဲ ပြဿနာတွေ ကို ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
မြန်မာ ပြည်တာဝန်ခံ ပါလီမန် ကိုယ်စားလှယ် တွေနဲ့ ပါတီစုံက အောက်လွှတ်တော် အမတ်တွေ ဆွေးနွေး ခဲ့ကြတာပါ။
မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်ခ် မစ်ချဲလ်နဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ဖ် ယွန်းတို့လဲ မကြာခင်က နယ်စပ်ကို သွားရောက် လေ့လာပြီး နှစ်ဘက်စလုံး ထိခိုက် နစ်နာ မှုတွေ ကြောင့် လူတွေ ဒုက္ခရောက်နေတဲ့ အခြေအနေ တကယ် စိုးရိမ်စရာ ကောင်းကြောင်း ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ခဲ့ပါတယ်။
BBC News
6:26 PM |
Posted in
International News
|
Read More »
အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရို လိုင်းနား ပြည်နယ်က ရှားလက် မြို့မှာ ကျင်းပတဲ့ ဒီမိုက ရက်တစ် ပါတီရဲ့ ညီလာခံမှာ အရင် ဒီမိုကရက် သမ္မတဟောင်း ဘီလ် ကလင်တန်က မစ္စတာ အိုဘားမားရဲ့ မူဝါဒ တွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောကြား ပြီး ထောက်ခံမှု တွေပေးခဲ့ပါတယ်။
သူရဲ့ မိနစ် ၅၀ ကြာမိန့်ခွန်းထဲမှာ မစ္စတာ ကလင်တန် က သမ္မတ အိုဘားမားရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေ ဟာ အလုပ်ဖြစ်နေတယ် လို့ ဆိုလိုက်တဲ့ အပြင် ပြိုင် ဘက် ရီပတ်ပလစ်ကန်တွေရဲ့ စီးပွားရေး အတွက် အစီအမံ တွေနဲ့ ပတ်သက်လို့လည်း ဝေဖန် ပြောကြား သွားခဲ့ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားဟာ ရီပတ်ပလစ်ကန် ပါတီက သမ္မတလောင်း မစ်ရွန်မနီနဲ့ ယှဉ်ပြိုင် အရွေးခံရမှာ ဖြစ်ပါတယ်။
လောလောဆယ် စစ်တမ်းတွေထဲမှာ ဒီမိုကရက် မဲဆန္ဒရှင် တွေက သမ္မတ အိုဘားမားနဲ့ ပတ်သက်လို့ သိပ်ပြီး မရေမရာ ဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း သူတို့တွေ ရဲ့ ထောက်ခံမှုတွေ ကောင်းကောင်း ရခဲ့ပြီးတဲ့ မစ္စတာ ကလင်တန်က အခုလို ဝင်ပြီး သမ္မတ ကို ထောက်ခံပေးလိုက်တာပါ။
မစ္စတာ ကလင်တန်က အဲဒီ ညီလာခံကို တက်ရောက်လာတဲ့ လူထုကြီးကို ဘယ်လိုတိုင်းပြည်ထဲ မှာ နေ ချင်ကြလဲ ဆုံးဖြတ်ကြပါ။ မျက်နှာကြီးရာ ဟင်းခွက်ပါတဲ့ အသိုင်းအဝိုင်းမျိုးထဲမှာ နေချင်ကြသပ ဆိုရင်တော့ ရစ်ပတ်ပလစ်ကန် နောက်လိုက်ကြပေါ့။ အားလုံး ပါဝင်တဲ့၊ အားလုံး အခွင့်အရေး တန်းတူ ရှိတဲ့ တိုင်းပြည်မျိုးနဲ့ နေချင်ကြရင်တော့ ဘာရက် အိုဘားမားနဲ့ ဂျိုးဘိုင်ဒင်ကိုသာ မဲပေးကြပေတော့ ဆိုပြီး ပြောသွား ခဲ့ပါတယ်။
တဆက်ထဲမှာ မစ္စတာ ကလင်တန်က ရီပတ်ပလစ်ကန်တွေက စီးပွားရေးတိုးတက်မှု တွေကို ရှေ့ဆက် မတိုးနိုင်အောင် တားဆီးမှုတွေ လုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲလိုက် ပါတယ်။
ဆီးနိတ်လွှတ်တော်တွင်းက ရီပတ်ပလစ်ကန် ခေါင်းဆောင် မစ်(ချ) မက်ကွန်နဲလ် က သူတို့ ပါတီရဲ့ နံပါတ် ၁ ရည်မှန်းချက်က မစ္စတာအိုဘားမား ပြုတ်ဖို့ အတွက် ဆိုပြီး ပြောခဲ့တာကိုလည်း ပြန်အစဖော်ပြီး မစ္စတာ ကလင်တန်က သူတို့ ဘက်ကတော့ သမ္မတ အိုဘားမား မြဲနေရေး အတွက် လုပ်ကြမယ်လို့ ဆိုလိုက်ပါတယ်။
မစ္စတာ ကလင်တန်က ခုချိန်ထိ၊ သမ္မတ အိုဘားမားရဲ့ စီးပွားရေး မူဝါဒ တွေကြောင့်သာ အမေရိကန် စီးပွားရေး ပိုဆိုး မသွားခဲ့ပဲ ပြန်ပြီး ဦးမော့ လာနိုင်ခဲ့တာလို့ လည်းပြောလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်သူတွေ ရုန်းကန်နေရဆဲ ဆိုတာလည်း သူသိကြောင်း တွေကို ပြောလိုက်ပါတယ်။
ဆက်လက်ပြီး သမ္မတ အိုဘားမားရဲ့ ပထမ သက်တမ်းနဲ့ သူ့ရဲ့ ပထမသက်တမ်းကို နှိုင်းယှဉ်ပြီး သူတို့ရဲ့ မူဝါဒတွေက အလုပ်ဖြစ်လို့ စီးပွားရေး ဦးမော့လာ ပေမယ့် လူတွေ သိပ်ပြီး မသိသေးတဲ့ အကြောင်း၊ သူ့ အရင်က ဘယ်သမ္မတ မှလည်း ပထမ ၄ နှစ် သက်တမ်း အတွင်းမှာ စီးပွားရေးကို လုံးဝ ပြန်ကောင်းအောင် မလုပ်နိုင်ခဲ့ တဲ့ အကြောင်းတွေကို လည်း ပြောပါတယ်။
ဒါပေမယ့် မစ္စတာ အိုဘားမားဟာ အောင်မြင်မှုရမယ့် ခေတ်သစ် စီးပွားရေး အတွက် အုတ်မြစ်ချထား ခဲ့ပြီး ဖြစ်လို့ သူ့ကို နောက်ထပ် သက်တမ်း ထပ်ပြီး ရွေးကြ မယ်ဆိုရင် ဒီအသီးအပွင့် တွေကို ခံစား ကြရလိမ့်မယ် ဆိုပြီး ပြောကြား သွားခဲ့ ပါတယ်။
11:44 AM |
Posted in
International News
|
Read More »
လကမ္ဘာ ပေါ်မှာ ပထမဆုံး ခြေချဖူးတဲ့ အမေရိ ကန် အာကာသ ယာဉ်မှူး နီး လ် အမ်း စ ထရောင်း ဟာ စနေညနေမှာကွယ်လွန်သွားပါပြီ။
ကွယ်လွန် ချိန်မှာ သူဟာ အသက် ၈၂ နှစ် ရှိပါပြီ။ ဒီလ စောစော ပိုင်းတုန်းက သူဟာ နှလုံး သွေးကြော ကို ခွဲစိပ် ကုသခဲ့ရပါတယ်။
ဒီခွဲစိတ် ကုသမှုရဲ့ နောက်ဆက်တွဲ ရောဂါနဲ့ ပဲ သူကွယ်လွန် သွားတာ ဖြစ်တယ်လို့ သူ့မိသားစု က ပြောကြောင်း အေပီ သတင်းဌာန မှာ ဖော်ပြထား ပါတယ်။
သူဟာ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လကမ္ဘာပေါ်ရောက်ခဲ့ တာဖြစ်ပါတယ်။ သူလကမ္ဘာပေါ် ရောက်ခဲ့တာ နဲ့ ပတ်သက်ပြီး လူ တယောက်ရဲ့ ခြေလှမ်းလေး တလှမ်းမျှသာ ဖြစ်သော်လည်း အဲဒီ ခြေ လှမ်း ဟာ လူသားမျိုးနွယ်ကြီး တခုလုံးအတွက်တော့ ဧရာမခြေလှမ်း
ကြီး တလှမ်းလို့ ဆိုကြပါတယ်။
ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကပဲ အမ်းစထရောင်းနဲ့ တခြား အာကာသ ယာဉ်မှူး သုံးယောက်ကို အမေရိကန် ကွန်ဂရက်စ်က ကွန်ဂရက်စ် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုတံဆိပ်ဟာ အဆင့်အမြင့်ဆုံး အမေရိကန် နိုင်ငံသား ဆုဖြစ်ပါတယ်။
အမ်းစထရောင်းဟာ လပေါ်ဆင်းသက်ခဲ့တဲ့ အပိုလို ၁၁ အာကာသ ယာဉ်ရဲ့ ယာဉ်မှူးလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ အဖော် အာကာသ သူရဲကောင်း အက်ဒွင် ဘပ်ဇ် အော်လဒရင် တို့ဟာ လပေါ်မှာ သုံးနာရီနီးပါး လမ်းလျှောက်ခဲ့ကြပါတယ်။
အမ်းစထရောင်းဟာ ပထမဆုံးအနေနဲ့ လေယာဉ်စီးဖူးတာက အသက် ၆ နှစ် အရွယ်မှာသူ့ဖခင်နဲ့ အတူ စီးဖူး တာဖြစ်ပါတယ်။ အဲဒီ့နောက် သူ့ဘဝ သက်တမ်းတလျောက်လုံးမှာ အကြိမ်များစွာ လေထဲမှာ ပျံသန်း ခဲ့ပါတယ်။
၁၉၅၀ ခုနှစ် ကိုရီးယား စစ်ပွဲ အတွင်းမှာ သူဟာ တိုက်လေယာဉ် မောင်းခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ အာကာ သ စီမံကိန်းမှာ ပါဝင်ခဲ့ပါတယ်။
သူဟာ လကမ္ဘာပေါ်မှာ ပထမဆုံးခြေချသူဖြစ်ပေမဲ့ ဒါကို အကြောင်းပြုပြီး ထင်ပေါ်ကျော်ကြားအောင် မနေဘဲ သူ့ဘဝကို အေးအေးဆေးဆေး ပဲ နေထိုင်သွားသူတယောက်လည်း ဖြစ်ပါတယ်။
7:24 PM |
Posted in
International News
|
Read More »
မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော တာလီဘန်ခေါင်းဆောင် ဒုံးကျည် ထိမှန်သေဆုံး
ကူနာပြည်နယ် ရှီဂယ်ခရိုင်အတွင်း ပြုလုပ် ခဲ့သော
လေကြောင်းတိုက်ခိုက် မှုကြောင့် အဆိုပါ တာလီဘန်ခေါင်းဆောင်မော်လ၀ီဒါဒူလာရှ် မှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အလောင်းအား
ရရှိပြီဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ မှအတည်ပြုပြော ကြားသည်။
မောင်းသူမဲ့ လေယာဉ်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြားအရပ် သားများနှင့် အဆောက်အဦးများ ထိခိုက်မှု မရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ တာလီဘန်ခေါင်းဆောင်အား ဂျမယ်လ်ဟုလည်း လူသိများကာ ၄င်းသည် အာဖဂန်တပ်ဖွဲ့ နှင့် ညွန့်ပေါင်းတပ်ဖွဲ့ များအား တိုက်ခိုက်ရေးနှင့် လက်နက်များ စီစဉ်ရာတွင် အဓိက ကျသူဖြစ်သည်။
မသေဆုံးမီ အထိ လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး အတွင်းလူ တစ်ဦး၏ သတင်းပေးမှုဖြင့် ချေမှုန်း နိုင်ခဲ့
ခြင်းဖြစ်ကြောင်း သိရှိရသည်။ အစောပိုင်းကမူ အဆိုပါ သတင်းအား တာလီဘန်မျာဖက်မှ ငြင်းဆိုခဲ့သေး သည်။
( အက်ရှင်ဘဘ ဒီမို )
6:59 PM |
Posted in
International News
|
Read More »
အစ္စလာမ်ဘာသာဝင်များရဲ့ အစ် အခါသမယ အမေရိကန်သမ္မတ သ၀ဏ်လွှာပေးပို့
အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရာမာဒန် ဥပုပ်လ ကုန်ဆုံး တဲ့ နေ့ထူးနေ့မြတ် အခါသမယ အစ် (Eid) နေ့အဖြစ် ကမ္ဘာပေါ်က အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာဟာ အစ် ပွဲတော်ကို စီရင်ကျင်းပကြပါတယ်။
မိသားစု ပြန်လည် စုစည်း ပေါင်းစည်းတာတွေ၊ စားသောက် ပွဲတွေနဲ့ တခြား အခမ်းအနားပွဲတွေ စီရင်ကျင်းပကြပါတယ်။ ကမ္ဘာ့ မူစလင်တွေရဲ့ အစ် နေ့ အခါသမယ အတွက် ကြိုဆိုတဲ့ သ၀ဏ်လွှာတွေကို အမေရိကန် သမ္မတ ဘရက်အိုဘားမားရဲ့ အိမ်၊ ရုံး၊ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့က ထုတ်ပြန် ကြိုဆိုလိုက်ကြပါတယ်။
အစ္စလာမ်ဘာသာဝင် အများဆုံး ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ တနင်္ဂနွေနေ့ အရုဏ်ဦးကတည်းက ဘုရား ၀တ်ပြုမှုတွေ စတင်ပါတယ်။ ဂျကာတာ မြို့တော်ရဲ့ အယ်လ်အာဇာ ဗလီကြီးမှာ ၀တ်ပြုသူတွေ ထောင်ပေါင်း များစွာ လာရောက်ကြတယ်လို့ သတင်းများက ဆိုပါတယ်။
4:52 PM |
Posted in
International News,
Top News
|
Read More »
သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း တာဝန် ပေး အပ်လိုက်တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီ မွန်းက ကြိုဆိုလိုက်ပါ တယ်။
အဲဒီကော်မရှင်မှာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် အသီး သီးက တတ်/သိပညာရှင်တွေ၊ ပရဟိတ စေတနာ့ ၀န်ထမ်း အကျိုးဆောင်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အစရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြ ပါတယ်။
ဒီကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းရဲ့ အခြေအနေ အပါအ၀င် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်း ရင်းတွေကို စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ သောကြာနေ့ က ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒီလို ကော်မရှင်မျိုး ဖွဲ့စည်းနိုင်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် သိပ်အရေးကြီးတယ်လို့ လည်း ဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းမှာ ကုလသမဂ္ဂက အပြုသဘောနဲ့ အထောက်အကူပေးဖို့ အဆင်သင့် ရပ်တည်နေပါကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါ တယ်။
4:02 PM |
Posted in
International News
|
Read More »
INTELLECTUAL TALK - Mobile & IT Trend ဖိတ်ကြားလွှာ
4:27 PM |
Posted in
International News
|
Read More »
မက္ကစီကိုနိုင်ငံတွင် မြို့တော်ဝန်အဖြစ် ရွေးကောက်ခံထားရသူ တစ်ဦးအား သေနတ်သမားများက ပစ်သတ် သွားခဲ့ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲတွင် အောင်မြင်မှု လောလောလတ်လတ် ရရှိပြီး အိမ်အပြန် တွင်ပင် ပြုပြင်ပြောင်းလဲရေး ဖွဲ့စည်းမှုပါတီမှ နိုင်ငံရေးသမားဖြစ်သူ အဂ္ဂါမိုရာလက်စ်မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။ ပူပူနွေးနွေး မြို့တော်ဝန်၏ ရုပ်အလောင်းကို လမ်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက အတည်ပြုခဲ့သည်။
၎င်းသည် ဆန်လူးဝစ် ပိုတိုဆီ ပြည်နယ်ရှိ မက်တာ ဟာလာ မြို့အတွက် မြို့တော်ဝန် ရာထူးတွင် ပါဝင် အရွေးချယ် ခံခဲ့သူလည်းဖြစ်သည်။
အလောင်းနှစ်လောင်း ကို တွေ့ရှိရသည့်နောက် ဒုတိယတစ်ဦးသည် မြို့တော်ဝန်၏ မဲဆွယ်ရေး အရာရှိ ဂျူအန်ဖရန်ဆစ္စကို ဟာနန်ဒက်ဇ်ဖြစ်
ကြောင်း လည်း ရဲများက ဆိုသည်။ ယခုဖြစ်ရပ် တွင် အသက်မသေဘဲ လွတ်မြောက်ခဲ့သူ တစ်ဦး လည်း ရှိခဲ့ မိမိတို့ (၃)ဦးအား ရွေးကောက် ပွဲ အောင်နိုင်မှုပါတီမှ အပြန်တွင် အမည်မသိသေနတ်သမားများက ပိတ်ဆို့ပြီး ပစ်ခတ် ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆန်လူးဝစ် ပိုတိုဆီ ပြည်နယ်သည် အကြမ်းဖက်မှုများ မကြာသေးမီ အတောအတွင်း ဆက်တိုက် လိုလို ဖြစ် ပွားခဲ့ပြီး ယခုကိစ္စကမူ အဆိုးဆုံး၊ ရုပ်အပျက်ဆုံး အခြေအနေမျိုးသို့ ဦးတည်လာသည်။ မူးယစ်ဆေး ဝါး မှောင်ခို ဂိုဏ်းအချင်းချင်း သတ်ဖြတ်မှုများအပြင် ပြဿနာ အမျိုးစုံ တက်နေသော ပြည်နယ်တွင် ကြာသပတေးနေ့က ဗင်ကားတစ်စင်းအတွင်း အလောင်း(၁၄)ခုကို ရှာဖွေ တွေ့ရှိခဲ့သေးကြောင်းလည်း သိရှိရသည်။
Ref:Planet
7:53 PM |
Posted in
International News
|
Read More »
ထိုင်ဝမ်အမျိုးသမီးနှစ်ဦး လိင်တူချင်း လက်ထပ်ထိမ်းမြား
ထိုင်ဝမ်တွင် အမျိုးသမီးနှစ်ဦး ပထမဆုံး အကြိမ် အဖြစ် လိင်တူချင်း လက်ထပ်ခဲ့ကြသည်။ Fish Huang နှင့် You Ya-ting အမည်ရှိ အမျိုးသမီးနှစ်ဦး သည် ထိုင်ဝမ်မြောက်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် သြဂုတ် ၁၁ ရက်က လက်ထပ် ခဲ့ခြင်းဖြစ်ပြီးဧည့်
ပရိသတ် ၃၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်သည် အာရှဒေသတွင် လိင်တူချင်း လက်ထပ် မှုကို တရားဝင်ခွင့်ပြုသော နိုင်ငံဖြစ်လာစေရန် လူ့အခွင့်အရေးအုပ်စုများက မျှော်လင့်ထားကြောင်း Daily Mail သတင်းတွင် ဖော်ပြသည်။
4:53 PM |
Posted in
International News
|
Read More »
သခင် ရဲ့  ရင်ခွင် ထဲ တွင် မှေးအိပ် နေသည့် ကယ်ဆယ်ရေး ခွေး ဓာတ်ပုံ Facebook တွင် ကျော်ကြားနေ
အဆစ် အမြစ်ရောင် ရောဂါ ရှိသည့် ခွေး ကို ရေကန် ထဲ တွင် စိမ် ပေး နေစဉ် သခင် ၏ ရင် ဘတ်ထဲ တွင် အိပ် ပျော် နေသည့် ဓာတ် ပုံ မှာ Facebook တွင် အသုံး ပြု သူများ မျှ ဝေမှု အများဆုံးဓာတ် ပုံ ဖြစ် နေသည် ဟု Fox ရုပ်သံ အစီ အစဉ် တွင် ဖော် ပြ ခဲ့ သည်။
ဝစ္စကွန်ဆင် တွင် နေ ထိုင် သည့် ဂျွန်အန်ဂါ က အသက် ၁၉ နှစ် အရွယ် ရှိ သူ ၏ Shep အမျိုးအစား
ကယ်ဆယ်ရေး ခွေး ကို ညတိုင်း တွင် စူပါရီးယား ရေကန် တွင် ရေနွေးထွေး မှု ရှိ သော နေရာ တွင် နေ့ တိုင်း စိမ် ပေး နေစဉ် တစ် ရက် ဉ် ဓာတ်ပုံ ဆရာမ Hannah Stonehouse Hudson က ရိုက် ကူးခဲ့ ပြီး သူ ၏
Facebook စာမျက် နှာ တွင် တင် ဆက် ခဲ့ ရာ ကြိုက် နှစ် သက် သူ ၃ သိန်း နီး ပါး ရှိခဲ့ ပြီး မျှဝေမှု နှစ်သောင်း ကျော် ရှိ ခဲ့ သည်။
Stonehouse ဓာတ်ပုံစတူဒီယို ပိုင် ရှင် Hannah Stonehouse Hudson က ဒီခွေးလေး ကို သူ့  သခင် ရေစိမ် ပေး နေစဉ် မှာ အခု လို အိပ် ပျော် သွား တာ ကို နေ့  စဉ် လို မြင် ဖူး ပါတယ် ။ တစ်ရက် မှာ ဓာတ်ပုံ ရိုက် ဖို့  ဆုံးဖြတ် လိုက် တာ ပါ ဟု FOX ကို ပြောသည်။
” သင် မနေ့  က သင့် ရဲ့  Facebook စာမျက် နှာ ကို ၀င်မကြည့် ဖြစ် ဖို့ ဆို ရင် မင်း ရဲ့  နှလုံး သား တွေ ကိုအရည် ပျော် ကျ သွား စေ နိုင်မယ့် ဓာတ် ပုံ တစ် ပုံ တစ် ပုံ ကို မြင်တွေ ဖို့  အခွင့် အရေး လက် လွတ် ခဲ့ရ ပြီ လို့  ” အစီ ချီပြီး FOX ရုပ် သံ တင် ဆက် သူ မယ် လီ ဆာ က တင် ဆက် သွား ခဲ့ ပါတယ်။
ဂျွန် အန်ဂါ ဟာ သူ့  ခွေးလေး ကို အသက် ရှစ် နှစ် အရွယ် မှာ မွေးစား ခဲ့ တာ ဖြစ် ပြီး နောက် တော့ ၀စ္စကွန် ဆင် ရဲ့  ကျော် ကြား လှတဲ့ ရေခဲ့ မုန့်  နာမည် ဖြစ်တဲ့ Schoep လို့  ပေးခဲ့ ပါတယ်။
တမဟုတ် ခြင်း ကျော်ကြား လာ တဲ့ ခွေး ကလေး ကို ကရုဏာ သက် သူ တွေ က လေဆာ ရောင်ခြည်သုံး ပြီး ခွဲ စိတ် ကုသ ဖို့  လဲ အလှု ငွေ တွေ ထည့် ၀င် ကြ တယ်လို့  မီလ်ဝေါလ်ကီ သတင်း လွှာ မှာ ဖော်ပြထား ပါတယ်။
အန်ဂါ နဲ့  သူ့  ရဲ့  ရည်းစား ဟာ လွန်ခဲ့ တဲ့ ၁၈ နှစ် ကျော်က အိုဇောကီး မြို့  က တိရိစ္တာဆန်ထိမ်း သိမ်း စောင့် ရှောက် ရေး ဂေဟာ မှာ လသား အရွယ် ခွေး ကလေး ကို တွေ့  ပြီး ခေါ် ယူ မွေးစား ခဲ့ တာ ဖြစ်ပါတယ်။
လွန် ခဲ့ တဲ့ ၁၄ နှစ် လောက် တုန်း က တော့ အတူနေ ချစ်သူ က အန်ဂါ ကို ပြစ် ပြီး ကော်လို ယာ ဒို ထွက် ခွာ သွားစဉ် မှာ အန်ဂါ က စိတ်ဓာ တ် ကျ လွန်း ပြီး တစ်နေ့  မီချီဂန် ရေကန် ကြီး ထဲ ကို ခုန် ချပြီး သတ် သေ ဖို့  လုပ် စဉ် မှာ ခွေး ကလေး ရှောပ် က အံ့ ဖွယ် ကောင်း လောက် အောင် ပဲ သူ့  ကို ဆွဲ ထားတယ်လို့  ဆို ပါတယ်။ နောက်တော့ သူဟာ လဲ ရှောပ် အတွက် အသက် ရှင် ခဲ့ တယ် လို့  ဆို ပါတယ်။
အန်ဂါ ညစဉ် ရေစိမ် ပေး နေစဉ် မှာ ရှောပ် ဟာ သူ့  ရင် ဘတ် ထဲ မှာ အခု လို လဲလျှောင်း ပြီး အိပ် ပျော် သွား တယ် လို့  ဆို ပါတယ်။
Hannah Stonehouse Hudson ရဲ့  ဓာတ် ပုံ ဟာ Facebook မှာ သာ မကာ အခြား လူမှု ကွန်ယက် နဲ့ အင်တာ နက် ဖို ရမ် တွေ မှာ လည်း ပျံ့ နှံ့  လို့  နေပါတယ်။
12:51 PM |
Posted in
International News
|
Read More »
မြန်မာနိုင်ငံတွင် အဓိကပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ကနေဒါနိုင်ငံသည် စီးပွားရေး အခွင့်အလမ်းများ၌ လက်ဦးမူ ရရှိရန် အလျင်အမြန် လှုပ်ရှားလျက်ရှိသည်။
ကနေဒါကုန်သွယ်ရေးဝန်ကြီး Mr.Fast ဗုဒ္ဓဟူးနေ့ က ပြောကြားရာတွင် ၎င်းသည် ကနေဒါကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်ရာတွင် ကူညီနိုင်ရန် စက်တင်ဘာလတွင် မြန်မာနိုင်ငံ သို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်သည် ကနေဒါအစိုးရ က မြန် မာနိုင်ငံတွင် သံရုံးဖွင့်ရန် စီစဉ်နေကြောင်းကြေညာပြီး နှစ်ပတ်မရှိမီအချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။
Mr.Fast က အဆိုပါကြေညာချက်ကို တိုရန်တိုတွင်ကျေညာခဲ့ပြီး မြန်မာနိုင်ငံသို့သွားရောက်မည့် ကနေဒါ၏ ပထမဆုံးကုန်သွယ်ရေးဝန်ကြီး ဖြစ်လာတော့မည် ဖြစ်သည်။
Mr.Fast ပြောကြားရာတွင် ၎င်းနှင့်အတူ ကနေဒါစီးပွားရေးလုပ်ငန်းရှင်များနှင့် ဥာဏ်ကြီးရှင်အဖွဲ့(Think Tank)များလည်း ပါဝင်မည်ဖြစ်ပြီး၊ ကနေဒါကုမ္မဏီများ၏ အခွင့်အလမ်းများကိုဆွေးနွေးမည်ဟု ဆိုသည်။
ကနေဒါသည် မြန်မာနိုင်ငံကပြုလုပ်လျက်ရှိသော ပြောင်းလဲမှုများကိုအားတက်ပုံရပြီး၊ ကနေဒါ၏ သတိထား ၍ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်ပြုလုပ်ရန်နှင့် ခိုင်မြဲရန် အထောက်အကူပြုမည်ဟု အစိုးရကယုံကြည်ကြောင်း ၎င်းကပြောသည်။
ကနေဒါသည် မြန်မာနိုင်ငံ၏ အိုဟောင်းနေသော အခြေခံအဆောက်အဦးများ ကို ခေတ်မီ ပြုပြင်ပေးခြင်းဖြင့်
မြန်မာနိုင်ငံမှ အလားအလာ ရှိသော ဈေးကွက်မှ အကျိုးအမြတ် ရရှိမည်ဟု မျော်လင့်လျက် ရှိသည်။ မြန်မာ နိုင်ငံမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်းစသော သဘာဝ သယံဇာတများသည် ကနေဒါကုမ္မဏီများ အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများကို ဆွဲဆောင်မှုပေးသည်။
ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူမူအများစုကို ဧပြီလက ယာယီရုတ် သိမ်းပေးခဲ့သည်။ ကနေဒါ၏ ရှေးယခင်က ကုန်သွယ်ဖက်နိုင်ငံများဖြစ်သော အနောက်နိုင်ငံများ၏ စီးပွားရေး သည် နှေးကွေးလျက် ရှိခြင်းကြောင့် ဝန်ကြီးချုပ် Stephen Harper ၏ ကွန်စာဗေးတစ် အစိုးရ၏ အာရှ၏ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် တွန်းအားပေးခြင်း ကိုလည်း ဖော်ဆောင်ရာရောက် မည်ဖြစ်သည်။ ကနေဒါ၏ ပို့ကုန်လေးပုံသုံးပုံသည် အမေရိကန်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။
(25 July 2012ရက်စွဲပါ Wall Strut Journal မှ Nirmala Myanmar in September ရေးသားသော Canada Trade Minister To Visit Myanmar in September ကိုဘာသာပြန်ဆိုသည်။)
5:04 PM |
Posted in
International News,
ဘာသာပြန်သတင်းများ
|
Read More »
ယနေ့ ဇွန်လိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်နိုင်ငံ အစိုးရအိမ်တော်တွင် ပြုလုပ်တဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ် တို့အား Yingluck Shinawatra facebook မှာတွေ့ရပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်နဲ့ ထိုင်းနိုင်ငံ အစိုးရအိမ်တော်မှာ ယနေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့တာ လဲဖြစ်ပါတယ်။
၁) မြန်မာ- ထိုင်း အစိုးရတို့ အကြား ထားဝယ် အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများ တွင် ပြီးပြီး ပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ နှင့်
(၂) မြန်မာ- ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ကို နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများ လက်မှတ် ရေးထိုးကြမှာ ဖြစ်ကြောင်း သိရပါသည်။
6:55 PM |
Posted in
International News
|
Read More »
ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ထိုင်းပညာရေးမှပြဌာန်း၏
ထိုင်းနိုင်ငံ စာသင်ကျောင်း များတွင် မူလတန်း အဆင့် ၄ တန်း ကျောင်းသူ/သားများ၏ လူမှု့ရေး ဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင် အာရှဒေသ နိုင်ငံများ အတွင်းမှ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုဖြင့် ထင်ရှားကျော်ကြား သောခေါင်း ဆောင်များ အကြောင်းနေရာ တွင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ပြဌာန်းလိုက်ပြီး ဖြစ်ပါသည်။
အလားတူ နိုင်ငံတကာမှ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အလွှာ အသီးသီးနှင့် နိုင်ငံတကာ မီဒီယာ အားလုံး နီးပါးလောက် မှာ ဒေါ်အောင်ဆန်း စုကြည် ရဲဝံ့စွာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ စနစ်ဖြင့် ခြွတ်ချုံ ကျ ဘုံးဘုံး လဲနေ သောမြန်မာပြည် ကိုတိုးတက်မြုင့်မားဖို့ လုပ်ဆောင် နေတဲ့ အကြောင်း ဂုဏ်ပြုပြော ဆို ဖေါ်ပြနေကြပါသည်။
သို့သော်လည်း နောက်ပြန် မလှည့်ပါဘူး ဆိုတဲ့ အစိုးရ သစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်း မရှိသေး ပါဘူး။ ခုတော့ အိမ်နီးချင်း ထိုင်း နိုင်ငံ ကလေးစား စံပြုထိုက်သူရဲ့ အကြောင်း ကို ကျောင်းသင် ခန်းစာတွေ မှာပြဌာန်း လိုက်တာ ကတော့မြန်မာနိုင်ငံအစိုးရနဲ့ပညာရေး ဌာ နအတွက် အရှက်ရစရာ တခု ဖြစ်လာခဲ့ပါပြီ။
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတရားပင် ဖြစ်ကြောင်း မြတ်ဗုဒ္ဓကဟောပါသည်။ မင်္ဂလာ မရှိသော သူတွေသည် မင်္ဂလာပြု မည် မဟုတ်သည်ကို ထင်ရှားစေပါသည်။ ကမ္ဘာပေါ်၌လည်း ဆုအများဆုံး ချီးမြုင့် ခံရသူ တဦးဖြစ်သည့် ဒေါ်အောင် ဆန်းစုကြည်သည် မကြာခင် အမေရိကန်နိုင်ငံကို သွားရောက်ပြီး ဆုလက်ခံရရှိဦးမည် ဖြစ်ပါသည်။
12:20 AM |
Posted in
feature,
International News
|
Read More »
နိုင်ငံတကာ AIDS ညီလာခံစတင်
ကမ္ဘာပေါ်က AIDS ရောဂါဆိုင်ရာ ထိပ်တန်းသုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ နဲ့ တခြား တာဝန် ရှိသူ ၂ သောင်းခွဲလောက်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ညီလာခံမှာ စုဝေးတွေ့ဆုံကြမှာ ဖြစ်ပါတယ်။
၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက် နေ့က ၂၇ ရက်နေ့အထိ ဝါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်ဟာ အမေရိ ကန်နိုင်ငံမှာ HIV ရောဂါပိုး အများဆုံးရှိနေတဲ့ မြို့တွေထဲက တခုဖြစ်ပါတယ်။
အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်က လင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ မိန့်ခွန်း ပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။
ကမ္ဘာပေါ်မှာ HIV/AIDS ရောဂါဖြစ်နေသူ ၃၄ သန်းရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒီရောဂါကြောင့် သေဆုံး သူ ၁.၇ သန်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
8:52 AM |
Posted in
International News
|
Read More »
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရီကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ကမ္ဘော ဒီယား နိုင်ငံတွင် ဇူလိုင်လ ၁၃ ရက်နေ့ က တွေ့ဆုံ ခဲ့ကြောင်း သိရှိရပါသည်။
( မှတ်တမ်း-ဓာတ်ပုံများ )
သတင်း
Eleven Media Group
10:56 PM |
Posted in
feature,
International News
|
Read More »